Saturday, October 23, 2010

historic flags of myanmar


The Golden Hintha flag (1300-1500)


Flag of Burmese Empire under Konbaung dynasty (1700-1885)


Flag of British Burma as a colony of British India (1824-1939)


Flag of British Burma, as a separate colony (1939-1943, 1945-1948)


Flag of the State of Burma (1943–1945)


Flag of the Union of Burma (1948-1974)


Flag of the Socialist Republic of the Union of Burma (1974-1988) and the Union of Myanmar (1988-2010)


Flag of the Republic of the Union of Myanmar (2010-present)

Monday, October 11, 2010

ဆောင်းရာသီရဲ့ သစ်ကိုင်း ( မီးမီးမှ ဘာသာပြန်သည်)

မိုးကိုယုံပြီး

လေကိုယုံပြီး

ပူအိုက်ခြင်းကိုယုံပြီး

အေးမြခြင်းကိုယုံပြီး

ပျော်ရွှင်ခြင်းကိုယုံပြီး

စိတ်ညစ်ခြင်းကိုယုံပြီး

နောက်တနေ့ကိုယုံတယ်။


ယုံရင်၊ မိုးဟာကောင်းချီးပေးခြင်း

လေဟာသီချင်း


ယုံရင်၊ ဆောင်းရာသီရဲ့သစ်ကိုင်းမှာလဲ

ပန်းပွင့်လိမ့်မယ်။



冬の枝

雨を信じ

風を信じ

暑さを信じ

寒さを信じ

楽しみを信じ

苦しみを信じ

明日を信じる


信じれば 雨は恵み 風は歌

信じれば  冬の枝にも花ひらく

Friday, August 13, 2010

ရွှေရောင်ငန်း

ရေးသားသူ -မီးမီး
မူရင်း - ပုံပြင်စာအုပ်

ရှေးအခါက ညီအစ်ကို သုံးယောက်ရှိ ကြတယ်။ အငယ်ဆုံးတစ်ယောက်ကိုတော့ ဘယ်သူမှအ ဖော်မလုပ်ဘူး။တစ်နေ့မှာအကြီးဆုံးသားကသစ်ခုတ်သွားမယ်လို့ပြောတယ်။ အဲဒီတော့ သူတို့အမေကသားအကြီးဆုံးအတွက် ကိတ်မုန့်နဲ့ဝိုင်တစ်ပုလင်း ပေးလိုက်တယ်။ အကြီးဆုံး သားကတောထဲလည်း ရောက်တော့ လူပုတစ်ယောက်နဲ့တွေ့တယ်။

(လူပု) "ဗိုက်ကလည်းဆာ ရေကလည်း ငတ် ငါ့ကိုမင်း ကိတ်မုန့် တစ်လုတ် ဝိုင် တစ်ငုံပေးပါလား"

(အကြီးဆုံးသား) " အဲဒီကိတ်မုန့်နဲ့ ဝိုင်ကိုပေးလိုက်ရင် ငါ့အတွက်မကျန်ပဲနေမယ်"

အကြီးဆုံးသားက အဲလိုပြောပြီး သစ်ပင် ကိုလည်းခုတ်လိုက်ရော ဓားက ချော် ပြီး လက်ကိုခုတ်မိတယ်၊ ဒါကလူပုလုပ်လိုက်တာပေါ့။

ဒုတိယသားကလည်းသစ်သွားခုတ်တယ်ဒုတိယသားကိုလည်းသူတို့အမေကကိတ်မုန့်နဲ့ဝိုင်ကိုပေးလိုက်တယ်။ ဒုတိယ သားလည်း ပထမ သား တွေ့ခဲ့တဲ့ လူပုနဲ့တွေ့တယ်။

(လူပု) " ဗိုက်ကလည်းဆာ ရေကလည်းငတ် ငါ့ကိုမင်း ရဲ့ ကိတ်မုန့် တစ်လုတ် ဝိုင် တစ်ငုံ ပေးပါ လား"

(ဒုတိယသား) "မင်းကိုပေးရ မှာနှမြော တယ်"

ဒုတိယ သားက အဲလိုလည်း ပြောပြီး သစ်ပင်ကို ခုတ် လိုက်တော့ အကြီး ဆုံးသားလိုပဲ ဓား က ချော် ပြီးခြေထောက်ကိုခုတ်မိသွားတယ်၊ ဒါကလည်း လူပုက လုပ်လိုက်တာပေါ့၊
ဒီတော့အငယ်ဆုံးသားကသူတို့အဖေကို ပြောတယ်။

(အငယ်ဆုံးသား) " အဖေ ကျွန်တော်လည်းသစ် သွားခုတ်ချင်တယ်"

(အဖေ) " မင်းက သစ်လည်းမခုတ် ဖူး ဘူး မလုပ်တာကောင်းတယ် မင်းရဲ့ အစ်ကိုတွေလည်း
အဲဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာရထားတာပဲ" လို့

သူ့အဖေက ပြောပေမဲ့ အငယ်ဆုံး သားကအရမ်း ပူဆာ တော့

(အဖေ) " ဟုတ်ပြီ အဲ ဒီလောက်တောင်သွားချင် ရင် သွား ပေါ့ ဒဏ်ရာ ရ လည်း နည်းနည်း တော့ လိမ္မာ သွားမယ်" လို့ ပြောပြီးလွှတ်လိုက်တယ်။

သူတို့အမေကလည်းအငယ်ဆုံးသားအတွက် ကိတ်မုန့်လုပ်ပေးလိုက်ပေမဲ့ ရေနဲ့ ဂျုံ ကို လှိမ့် လိုက်တာပဲ။ အဲဒီကိတ် နဲ့ ချဉ်တဲ့ ဘီယာကို ပဲ ပေးလိုက်တယ်။
တောထဲ ရောက် တော့အငယ်ဆုံး သားလည်း သူ့အစ် ကို တွေတွေ့ ခဲ့ တဲ့ လူပုနဲ့တွေ့တယ်။

(လူပု) "ဗိုက်ကလည်းဆာ ရေကလည်းငတ် မင်းရဲ့ကိက်ကို တစ်လုတ် ဝိုင်ကို တစ်ငုံလောက်
ပေးပါလား"

(အငယ် ဆုံးသား) " ဂျုံနဲ့ ရေနဲ့ လှိမ့် ပြီး လုပ် ထား တဲ့ ကိက်မုန့် နဲ့ ချဉ်တဲ့ ဘီယာပဲ ရှိ ပေမဲ့
အဲဒါနဲ့ပဲရမယ်ဆိုရင် အ တူတူ စားရအောင်" လို့ပြောပြီး

အတူတူ ထိုင်စား ဖို့လည်း လုပ်ရောအညံ့စား ကိက်မုန့် က အကောင်းစား ကိတ်မုန့် ဖြစ်ပြီး ချဉ်တဲ့ ဘီယာက အကောင်းစား ဝိုင်ဖြစ်သွားတယ်။
နှစ်ယောက်အတူတူ စားလိုက် သောက်လိုက်လုပ်ပြီးတော့လူပုက

(လူပု) "မင်းဟာ ကိုယ့်မှာ ရှိတဲ့ ပစ္စ္စ္စည်းကို ခွဲဝေပေးတဲ့ စိတ်ကောင်းရှိတဲ့လူပဲ ငါကမင်းအတွက်
လက်ဆောင်တစ်ခုပေးမယ် ဟိုမှာတွေ့ရတဲ့သစ်ပင်ကြီးကိုခုတ်လိုက်၊ သစ်ခေါင်းထဲမှာ တစ်ခုခု
တွေ့ရ လိမ့် မယ်" လို့ပြောပြီးထွက် သွားတယ်။

အငယ်ဆုံးသားကသစ်ပင်ကြီးကိုခုတ်ကြည့်တော့ သစ်ခေါင်းထဲမှာ ရွှေငန်းကြီးတစ်ကောင်ထိုင်နေတယ်။ အငယ်ဆုံး သားက ရွှေငန်းကိုချီလိုက်ပြီး အဲဒီညအိပ် ဖို့ အိမ်တစ်အိမ်မှာ တည်းတယ်။
အဲဒီအိမ်မှာ သမီး သုံးယောက်ရှိတယ်။ သူတို့က ရွှေ ငန်းကို မြင်လိုက်တော့ဒီငန်းဟာတစ်ခုခု ထူးခြားမှာပဲလို့ထင်ပြီး ရွှေငန်းရဲ့အမွှေးတစ်မွှေး အရမ်းလိုချင်လာတယ်။

အကြီးဆုံးသမီးကအငယ်ဆုံးသား အပြင်ခဏထွက်ပြီးရွှေငန်းကို အိမ်ထဲမှာထားခဲ့ တဲ့ အ ချိန်မှာ ရွှေငန်းရဲ့အ မွှေးတစ်မွှေးကိုကိုင်လိုက်တဲ့ အချိန်မှာပဲ ရွှေငန်းနဲ့လက် က ကပ်သွားပြီး ပြန်ဆွဲလို့မ ရဖြစ်နေတယ်၊ခဏကြာတော့ဒုတိယသမီးကရွှေငန်းရဲ့အတောင်ကိုလာနှုတ်တယ်၊ ဒါပေမဲ့ အကြီးဆုံးသမီးနဲ့လည်း ထိရောလက်က ကပ်သွားပြီး ပြန်ဆွဲလို့မရပဲဖြစ်သွားတယ်။

အငယ်ဆုံးသမီးလည်း အမွှေးတစ်မွှေးလိုချင်လို့လာပေမဲ့ အစ်မတွေက
"မလာနဲ့ မလာနဲ့ ဒီကိုလာရင် ကပ်သွား လိမ့်မယ်" လို့ ပြောပေမဲ့ အစ်မတွေကရရဲ့သားနဲ့ ဘာလို့ကျွန်မပဲ မရတာလဲ မသိဘူးလို့စဉ်းစားပြီး ဒုတိယသမီးကိုကိုင်လိုက်တော့ ဒုတိယသမီးနဲ့ကပ်သွားပြီး ပြန်ဆွဲလို့မရပဲဖြစ်သွားတယ်။ ဒီလိုနဲ့ပဲသမီးသုံးယောက် က ငန်းနဲ့ကပ်သွားပြီးတစ် ညလုံးနေရတယ်။
နောက်တစ်နေ့မနက်မှာ အငယ်ဆုံးသားက ရွှေငန်းကိုချီ ပြီး သမီးသုံး ယောက်ရှိတာကိုတောင် မသိလိုက်ပဲထွက်သွားတယ်။လမ်းမှာ ခရစ် ယာန် ဘုန်းကြီး တစ်ပါးနဲ့တွေ့တယ် ဘုန်းကြီးက

(ဘုန်းကြီး) "မိန်းကလေးတွေက ဘာလို့ ဒီလောက်ယောက်ျား လေး အနောက်ကိုလိုက်ရတာလဲ
လက်ကိုလွှတ်လိုက်" လို့ပြောပြီး

သမီးအငယ်ဆုံး ကိုကိုင်လိုက်တော့ အငယ်ဆုံးသမီးနဲ့လက်ကကပ်သွားပြီးပြန်ဆွဲလို့မရပဲဖြစ်သွားတယ်။
အဲဒီလိုသွားနေတာကိုမြင်တော့ ဘုရားကျောင်းက တပည့်က

(တပည့်) "ဘုန်းတော်ကြီး ဘယ်ကိုသွားမှာလဲ ဒီနေ့က သွားစရာရှိတာကို မေ့နေပြီလား" လို့

ပြောပြီးဘုန်းတော် ကြီး ကို ကိုင်လိုက်တော့ လက်ကကပ်ပြီး ပြန်ဆွဲလို့မရပဲဖြစ်သွားတယ်။
ဒီလိုနဲ့ သွားနေရင်း နဲ့ လမ်းမှာ လယ်သမားနှစ်ယောက်နဲ့တွေ့တယ်။ ဘုန်းကြီး က လယ်သမားနှစ်ယောက်ကို သူ နဲ့ သူ့တပည့် ကို ဆွဲဖို့ပြောတယ်။ လယ် သမား နှစ်ယောက် ကလည်း ဆွဲလိုက်တာနဲ့ တပည့်နဲ့ ကပ်သွားတယ်။
နောက်ဆုံးမှာ ဘုရင်ကြီး နေတဲ့ မြို့ကိုရောက်လာတယ်။ ဘုရင်ကြီး မှာသမီးတစ်ယောက်ရှိပေ မဲ့ အဲဒီ သမီးက ဘယ်တော့မှမရယ် ဘူး။ ဒီတော့သမီးကို ရယ်အောင်လုပ်နိုင်တဲ့ လူကို သမီးနဲ့မင်္ဂလာဆောင်ခိုင်း မယ် လို့ပြောတယ်။

အငယ်ဆုံးသားက နန်းတော်အရှေ့လည်း ရောက်ရောပြတင်း ပေါက်ကနေကြည့် နေတဲ့ မင်းသမီးက အရမ်းရယ် တယ်ဆိုတော့ အငယ်ဆုံးသားက မင်းသမီးကိုပေးပါလို့ ပြောတယ်။
ဒါပေမဲ့ ဘုရင်ကြီးက မြို့ထဲမှာရှိတဲ့ ဝိုင် အားလုံး ကို သောက်နိုင်တဲ့လူကိုခေါ်ခဲ့ လို့ပြောတယ်။ အငယ်ဆုံး သားက သူတောထဲမှာတွေ့ခဲ့တဲ့ လူပူဆိုရင်တော့ သူ့ကိုကူပေးမှာပဲ လို့စဉ်းစားပြီး အမြန်ဆုံးတောထဲကို သွားတယ်။

တောထဲကိုရောက်တော့ သူခုတ်ထားတဲ့ သစ်ပင် ကြီးရဲ့ သစ်ခေါင်း မှာ လူတစ်ယောက် ထိုင်နေတယ်။ အငယ်ဆုံးသားက ဘာဖြစ်တာ လဲ လို့မေး ကြည့်တော့

(သစ်ခေါင်းမှာထိုင်နေတဲ့ လူ) " ရေက အရမ်း ငတ်နေတာ ရေကျတော့လည်းမသောက်ချင်ဘူး၊
တကယ်တော့ အ ခု ဝိုင်ကိုတစ်စက် ပဲ ဖြစ်ဖြစ် သောက်ချင်လို့လာတာ"
လို့ပြောတယ်။

အငယ်ဆုံးသားက သူ့ ကို ချက်ချင်း ဘုရင်ကြီးဆီ ခေါ်လာတယ်။ အဲဒီလူက ချက်ချင်း မြို့ထဲ မှာရှိတဲ့ ဝိုင် အား လုံးကိုသောက်လိုက်တယ်။အငယ်ဆုံး သားကလည်း နောက်တစ်ခေါက် မင်းသမီးကိုပေးပါလို့ ပြောတယ်။

ဒါပေမဲ့ဘုရင်ကြီးကလည်း တောင်လောက်ကြီးတဲ့ ပေါင်မုန့်ကြီး ကို စားနိုင်တဲ့လူကို ခေါ်ခဲ့လို့ပြောတယ်။
အငယ်ဆုံးသားက တောထဲကိုပဲ သွားတော့ ဗိုက်မှာ ခါးပတ် ပတ်ထားတဲ့ လူ တစ်ယောက်ကို တွေ့တယ်။

(ခါးပတ်ကို ဗိုက်မှာတပ်ထားတဲ့လူ) " ငါက ဗိုက်ဆာ နေတာကွ အရမ်းဆာ လွန်း လို့ ခါး ပတ်ကိုဗိုက်မှာ
ပတ်ထားရတာ"

ဒါကိုလည်း ကြားရော အငယ်ဆုံး သားက ချက်ချင်း သူ့ ကို ဘုရင်ကြီးဆီ ခေါ် သွားတယ်။ ဘု ရင် ကြီး ကလည်းတိုင်းပြည်မှာရှိတဲ့ဂျုံအားလုံးကိုသုံးပြီးတောင်လောက်ကြီးတဲ့ပေါင်မုန့်ကြီးကိုဖုတ်ထားလိုက်တယ်ဒါပေမဲ့သူက စားလိုက်တော့တစ်ရက်နဲ့ပဲ ကုန်သွားတယ်။ အငယ်ဆုံး သား က သုံး ခေါက်မြောက် မင်းသမီးကိုပေးပါလို့ ပြောပေမဲ့ ဘုရင်ကြီးက ကုန်းပေါ်မှာရော ရေထဲ မှာရောသွားနိုင် တဲ့လှေကိုယူခဲ့ လို့ ပြောတယ်။

အငယ်ဆုံး သားက ဒီ တစ်ခေါက်လည်းတောထဲသွားတော့ ကိတ်မုန့်နဲ့ ဝိုင်ကိုခွဲဝေ ပေးခဲ့ တဲ့လူပု နဲ့တွေ့တယ်။ လူ ပုက

(လူပု) "ငါကမင်း အတွက် ဝိုင်အများကြီးကိုရော ပေါင်မုန့် အ ကြီးကြီးကိုရော စားပေးလိုက်တယ် အခု
မင်း အ တွက် အဲဒီလှေကိုလည်း ပေးမယ်" လို့ ပြောပြီး ပေးလိုက်တယ်။

ဒါကိုမြင်တဲ့ ဘု ရင်ကြီးက ဘာမှ မပြောနိုင်တော့ပဲ အငယ်ဆုံးသားနဲ့ မင်းသမီးက မင်္ဂလာ ဆောင်လိုက်ကြတယ်။

မျှစ်ပင်ကလေးများ

ရေးသားသူ - သားသား
မူရင်း - ဒုတိယတန်း ဂျပန် ဖတ်စာ

မိုးလင်းပါပြီ။ မနက်ရဲ့နေရောင်ခြည်အောက် ဝါးပင်သစ်ရွက်တွေက
"ချမ်းလိုက်တာနော်"
"အင်း ချမ်းတယ်နော်" လို့ပြောနေတယ်။
နှင်းတွေကနည်းနည်းရှိသေးတယ် ပတ်ဝန်းကျင်ကတော့တိတ်ဆိတ်နေတယ်။ တစ်နေရာကနေအသံ သေးသေးလေးကိုကြား တယ်။
"ကြိုးစားထား ကြိုးစားထား" "လေးလိုက်တာ"
ဝါးပင် ရဲ့ အနီးအနားက မျှစ်ပင်ကလေးတွေပါ၊ နှင်းရဲ့ အောက်ကနေ ခေါင်းကလေးပြူ ထွက်ပြီးနှင်းတွေကိုဖယ်မလို့လုပ်နေတယ်။
"ကြိုးစားထား ကြိုးစားထား" "အား အပြင်ကို ထွက်ကြည့်ချင်လိုက်တာ"
"ဝမ်းနည်း ပါတယ်" လို့နှင်းက ပြောလိုက်တယ်
"ငါလည်း မြန်မြန်အ ရည်ပျော် ရေဖြစ် ပြီး အဝေးကိုသွား ပြီးကစားချင်တယ် " လို့နှင်းကပြောပြီးအပေါ်ကိုကြည့်လိုက်တယ်
"ဝါးတွေရဲ့အရိပ်နဲ့နေရောင်ခြည်က မရဘူးဆိုတော့ ဝမ်းနည်းစရာပဲ"
"ဝမ်းနည်းပါတယ်" လို့ ဝါးတွေက ပြောလိုက်တယ်
"ငါတို့လည်း ယိမ်းနွဲ့ ပြီးကချင်တယ်၊ ယိမ်းနွဲ့ ပြီးကရင် နှင်းကိုနေရောင်ခြည်က ထိမယ်၊ ဒါ ပေမဲ့နွေဦးလေက မလာတော့ မကနိုင်ဘူးဆိုတာဝမ်းနည်းစရာပဲ"
မိုးပေါ်က နေမင်းကြီး က ရီလိုက်တယ်
" အင်း နွေဦးလေ က အိပ်ရာထနောက်ကျသွားတာလားမသိဘူး ဝါးတွေနှင်းနဲ့ မျှစ်ပင်လေးတွေအားလုံး ဒုက္ခရောက်နေပါလား"
ပြီးတော့ တောင်ဘက်ကိုကြည့် ပြီးပြောလိုက်တယ် " ဟိတ် နွေဦးလေ ထတော့"

နေမင်းကြီး နှိုး တာခံရတဲ့ နွေဦးလေက သမ်းလိုက်တယ်၊ ပြီးတော့ ခြေ ဖျား ထောက်ပြီး ပြောလိုက်တယ်

"ဟေ့ နေမင်းကြီး ဟေ့ အားလုံး ငါလာပြီ"

နွေဦးလေက လေတွေကိုအများကြီးစုပ် ပြီး ဟူးလို့မှုတ်လိုက်တယ်
နွေဦးလေ တိုက်ခံရလို့ ဝါးတွေက ယိမ်းနွဲ့တယ် ယိမ်းနွဲ့တယ် ကတယ်။
နှင်းတွေက ပျော်တယ် ပျော်တယ် ရေဖြစ်တယ်။
မျှစ် ပင်ကလေးတွေက ကြိုးစားတယ် အရပ် ရှည်လာတယ်။
လေတိုက်တယ် ယိမ်းနွဲ့တယ် အရည်ပျော်တယ် ကြိုးစားတယ်
ဒီတော့ အားလုံး ပျော် သွားကြတယ်။

ဆုတောင်းသုံးခု

ရေးသားသူ - မီးမီး
မူရင်း - စတုထ္ထတန်း ဂျပန်ဖတ်စာအုပ်


ဒီလိုအကြောင်းရှိရင်ဆုတောင်းတာပြည့်စုံတယ်လို့လူတွေကပြောကြတယ်နော်။ကျွန်မသိတဲ့ထဲကဒါမျိုးတစ်ခုရှိတယ်။ တစ်လပိုင်းတစ်ရက်နေ့မှာ ကိုယ်မွေးတဲ့နှစ်ကလုပ်ထားတဲ့ငွေတစ်ဆင့် ကိုကောက်ရမိရင်ဆုတောင်းသုံးခုပြည့်တယ်တဲ့။ ဖြစ်နိုင်ပါ့မလားလို့ထင်မလားမသိဘူး။ ဒါပေမဲ့ဒါ က ကျွန်မမှာဖြစ်ခဲ့ တဲ့ကိုယ်တွေ့အ ဖြစ် အပျက်လေး။
ပထမ ဦးဆုံးဆုတောင်းက တော့ တစ်ဆင့်ကိုကောက် လိုက်တဲ့ အချိန်မှာပဲသုံးလိုက်မိတယ်။ အဲဒါကတော့ကျွန်မသူငယ်ချင်းဗစ်တာနဲ့လမ်းလျှောက်ထွက်တဲ့အချိန်ပေါ့။
နှစ်ယောက်စလုံး ခရစ်စမတ် မှာရထား တဲ့ ဖိနပ် အ သစ်တွေ ဦးထုပ် အသစ်တွေ မာဖလာ အ သစ် တွေကိုဝတ်ဆင်ထားကြတယ်။အဲဒီအချိန် မှာပဲ ကျွန်မကနှင်းတွေ ထဲမှာလက်နေတဲ့အရာ တစ်ခုကိုတွေ့လိုက်တယ်

(ဗစ်တာ) " ရီနာ အဲဒါဘာလေးလဲ မသိဘူး"
(ကျွန်မ) "ပိုက်ဆံ ထင်တယ်"

ကောက်ကြည့်လိုက် တော့ကျွန်မမွေးတဲ့ နှစ်မှာလုပ်ထား တဲ့ ငွေတစ်ဆင့်ဖြစ်နေတယ်

(ဗစ်တာ) "ရီနာ ကံကောင်းတယ် ကိုယ်မွေးတဲ့နှစ်မှာ လုပ်ထားတဲ့ ငွေတစ်ဆင့် ကိုကောက်ရတယ်ဆိုတော့ ဘာဆုတောင်းမှာလဲ ? "
(ကျွန်မ) " အင်း------- အခုက ချမ်းတော့နည်းနည်း နွေးလာ ရင်ကောင်း မယ်နော်"

တကယ်တော့နောက်ပြောင်ပြောလိုက် တာပါပဲ ဒါပေမဲ့ တိမ်တွေကြားထဲက နေမင်း ကြီးထွက်လာတယ်။ အဲလိုဖြစ်တော့ နည်းနည်းတော့ စဉ်းစားစရာလို့ ထင်လိုက်တယ်။
အိမ်အပြန်လမ်းမှာလဲ ကျွန်မခေါင်းထဲမှာ တကယ်ဆုတောင်းပြည့်မှာလား တို့------- တကယ်ဆုတောင်းပြည့်မယ် ဆိုရင် ဘာကိုဆုတောင်း ရရင်ကောင်းမလဲတို့------ ငွေတစ်ဆင့်အကြောင်းကိုပဲစဉ်းစား နေမိတယ်။

အိမ်ရောက်တော့မေမေကဧည့်ခန်းမှာရှိနေတယ်။


(မေမေ) "လမ်းလျှောက်ထွက်တာဘယ်လိုနေလဲ နိုဘီ"
(ကျွန်မ) " ပျော်ခဲ့ပါတယ်"
(ဗစ်တာ) "ဝင်ခွင့်ပြုပါ"

ကျွန်မတို့ကမီးဖိုချောင် ထဲသွားလိုက်တယ်
ကျွန်မနာမည်က ဇန်နိုဗီရာ အားလုံးက ကျွန်မကို နိုဗီလို့ခေါ်တယ်။ ဒါပေမဲ့ဗစ်တာတယောက်ထဲက ကျွန်မကို ရီနာ လို့ခေါ်တယ်။ ရီနာဟုမ်း ဆိုတဲ့ အဆိုတော် နာမည်ကို ယူပြီး ရီနာ တဲ့။
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန် မ ကကြီး လာရင် ဟောလိဝုဒ် ကိုသွား ပြီး သီချင်း ဆိုမှာ မို့လို့။ အဲဒီ အ ချိန်ကျရင်ဗစ်တာကို လည်းခေါ်သွားမယ်လို့စဉ်းစား ထား တယ်။ အခင်ဆုံး သူငယ်ချင်းမို့ လို့။
မီးဖိုချောင်ထဲမှာ ကနွေး နေတယ်။ ကျွန်မတို့ကစားပွဲမှာ ဘယ်သူမှမကြားရအောင်စကားပြောကြတယ်။

(ဗစ်တာ) "ရီနာ ဆုတောင်းနှစ်ခုကျန်နေသေးတယ်နော်"
(ကျွန်မ) "တကယ် ဒီငွေတစ်ဆင့်မှာ တစ်ခုခု ရှိ နေတယ် ထင်နေ လို့လား?"
(ဗစ်တာ) "ထင်တာပေါ့ မင်းအခုန က ချမ်းတော့ နည်းနည်း နွေးလာရင် ကောင်းမယ် နော်လို့ပြောလိုက်တာနဲ့ နေမင်းကြီးက ထွက်လာတာပဲ မဟုတ်လား"

(ကျွန်မ) "တကယ် ထင်နေတာလား?"
(ဗစ်တာ) "မင်းက ဘာမှ မယုံ ဘူး လား?"
( ကျွန်မ) "ငါက နင့်လို ဘာမဆို ချက်ချင်း မယုံ တတ်ဘူး"
(ဗစ်တာ) "ကြောင်လိုက်တာကွာ"
(ကျွန်မ) "ဘယ်သူက ကြောင်တာလဲ?"
(ဗစ်တာ "မင်းက ကြောင်တာပေါ့ ကြောင်တဲ့ ဇန်နိုဗီရာ"
(ကျွန်မ) "နင့်လို လူမျိုး မလိုချင်ဘူး ပြန်တော့"

အဲလို လဲ ပြော လိုက် ရောဗစ်တာကကုတ်အင်္ကျီ ကိုယူပြီးအပြင်ကိုထွက်သွားတယ်။ ဒုတိယ ဆုတောင်းပြည့် သွားတယ်။ဆု တောင်းက လည်းတစ်ခုပဲကျန်တော့တယ်။
ခဏကြာတော့ မေမေက မီးဖိုချောင်ထဲဝင်လာတယ်။

(မေမေ) "ဇန်နိုဗီရာဗစ်တာနဲ့ ဘာဖြစ်သွားတာလဲ?"

မေမေ ကျွန်မကိုဇန်နိုဗီရာလို့ခေါ်တာစိတ်ဆိုးနေတဲ့ တစ်ချိန်ပဲ။
(ကျွန်မ) "အတူတူ ကစားနေတာပဲ မေမေ"
(မေမေ) " ဒါဆို ဘာလို့ အဲလိုထွက်သွားတာလဲ?"
(ကျွန်မ) "မသိဘူး ဗစ်တာဆိုတာ အဲလိုကောင်ပဲလေ"
(မေမေ) "သမီး ဗစ်တာကို မကဲ့ရဲ့လိုက်ပါဘူးနော်---- သမီးက တစ်ခါတစ်လေကဲ့ရဲ့တတ်တယ်"
(ကျွန်မ) "မကဲ့ရဲ့ပါဘူးမေမေ. .ဒါထက် မေမေ ဘာဆန္ဒပဲဖြစ်ဖြစ် ပြည့်စုံပေးမယ်ဆိုရင် မေမေကဘာကိုဆုတောင်းမှာလဲ?"

မေမေက ထိုင်ခုံ မှာဝင်ထိုင်လိုက် ပြီး ဆား ပုလင်း ကိုကိုင် ကြည့်ရင်း ပြောလိုက်တယ်

(မေမေ) "ဘာကိုဆိုလိုတာလဲ နိုဘီ"

(ကျွန်မ) "ဘာဆုတောင်းပဲဖြစ်ဖြစ် ဆုတောင်းတစ်ခုကို ပြည့်စုံပေးမယ်ဆို ရင် ဘာကိုဆုတောင်းမလဲလို့"

မေမေက ဆားပုလင်း ကို ငရုတ်ကောင်းပုလင်းနား သေချာ စီပြီးမှ ပြောလိုက်တယ်

(မေမေ) " သူငယ်ချင်းကောင်းပေါ့ နိုဘီ ဒီလောကမှာ အရေး အကြီးဆုံး ဟာ သူငယ်ချင်းကောင်းပဲ"

မေမေ က အဲလို ပြောပြီး စားပွဲပေါ်က ရှုပ်နေတဲ့ပစ္စည်း တွေကို ပြန်စီနေတယ်

ဟင် တစ်မျိုးပဲ လူကြီးဆိုတာ ပုံမှန်ဆို ပိုက်ဆံတို့ ကားတို့ ကိုပဲ လိုချင်တာလို့ ထင်ခဲ့တာ
ကျွန်မက ကုတ်အင်္ကျီ ကိုယူပြီး အိမ်ရှေ့ကလှေခါး မှာထိုင်ပြီး ဗစ်တာနဲ့တူတူ ကစားခဲ့တဲ့ အကြောင်းတွေ ကို ပြန်စဉ်းစား နေလိုက်တယ်
ရုပ်ရှင်ရုံကိုသွားတဲ့ အချိန်ရော သီချင်းဆိုတာကို လေ့ ကျင့်တဲ့အချိန်ရော ဘောလုံး နဲ့ကစားတဲ့ အချိန်ရော အမြဲ အတူတူ ပဲ။
ဗစ်တာနဲ့ စိန်လိုလက် နေ တဲ့ ကျောက်တုံးအကြီးကြီးကိုလဲ ရှာ တွေ့ဖူးတယ်။ ကျောင်းရဲ့ ကျောင်းသားအားလုံး ပုံကိုလည်း ဆွဲဖူးတယ်။ ဗစ်တာ က တကယ့် သူငယ်ချင်းကောင်းပဲ ကျွန်မရဲ့လျှို့ ဝှက်ချက်တွေကိုလည်းဘယ်သူ့ကို
မှမပြောဘူး။ အဲလို သူငယ်ချင်းက သိပ်မရှိ နိုင်ဘူး။
(ကျွန်မ) "သူငယ်ချင်းကောင်းထွက်သွားတော့ ပျင်းလိုက်တာ ပြန်လာပေးပါ"
ကျွန်မကအဲလိုပြောပြီး ငွေတစ်ဆင့်ကိုဆုပ်ကိုင်ထားလိုက်တယ်
အဲဒီအချိန်မှာ ဗစ်တာက ဒီဘက်ကို ပြုံးပြီး ပြေးလာ နေတာ တွေ့လိုက်တယ်။
ဒီလိုနဲ့ တတိယ ဆုတောင်းလည်း ပြည့်သွားတယ်။

Monday, June 28, 2010

အဖြူရောင်ဦးထုပ်

(4th grade မူလတန်း ဂျပန်စကားပြေ ဖတ်စာအုပ်မှ 白いぼうし  ဝတ္တုတိုကို Mee Mee မှ ဆီလျှော်အောင် ဘာသာပြန်ပါသည်။)

အဖြူရောင်ဦးထုပ်

" ဒါသံပုရာသီးအနံ့လားဟင် " တက္ကစီ ခရီးသည်ကမေးလိုက်တယ်။
" ဟင့်အင်း နွေလိမ္မော်သီးပါ" မီးပွိုင့်ကအနီရောင်ပြောင်းသွားတော့ ဘရိတ်အုပ်ပြီးမှ တက္ကစီ ဒရိုင်ဘာကြီး ဦးမာဆူရီ က ဖြေလိုက်တယ်။

ဒီနေ့က ခြောက်လပိုင်း အစ။
နွေတွင်းက ချက်ချင်း စသွားသလို အိုက်တော့ ဦးမာဆူရီ ရော ခရီးသည် ရော အင်္ကျီလက်ကိုခေါက်ထားကြတယ်။

( ခရီးသည် ) "အော် ........ လိမ္မော်သီး က တော်တော်မွှေးတာပဲနော်"
( ဦးမာဆူရီ) "ခူးတာမကြာသေးလို့ပါ။ မနေ့ကကျွန်တော့အမေက ကျွန်တော့ကို တောကနေပို့ပေးလိုက်တာ၊ အနံ့လေးပါပို့ပေးလိုက်ချင်တာထင်တယ်"
( ခရီးသည် ) "အော် ........ ဟုတ်လား"
( ဦးမာဆူရီ) "အရမ်းပျော်လွန်းလို့ အကြီးဆုံး တစ်လုံးကိုဒီကားပေါ်တင်ခဲ့တာပါ။ "

မီးပွိုင့်ကအစိမ်းဖြစ်သွားတော့ကားတွေအများကြီးက တခါတည်းပြေးသွားတယ်။ လမ်းမကြီးကနေလမ်းကြားလေးထဲဝင်လိုက်တယ်။ ခရီးသည် က အဲဒီလမ်းကြားထဲမှာပဲ ဆင်းသွားတယ်။
ခရီးသည်ဆင်းသွားတော့ ဦးမာဆူရီကကားကိုဆက်မောင်းတော့မယ့်အချိန်မှာပဲ လမ်းဘေးနားမှာအဖြူရောင် ဦးထုပ်လေးတခုထားထား တာတွေ့လိုက်တယ်။
ဦးမာဆူရီကလေတိုက်ရင်ကားကြိတ်သွားမှာစိုးလို့ဦးထုပ် လေးကိုကောက်လိုက်တယ်။ အဲဒီအချိန်မှာပဲဦးထုပ် ထဲက အရာတစ်ခုက ပျံတက်သွားတယ်။ဦးမာဆူရီ လန့်ပြီးကြည့်လိုက်တော့လိပ်ပြာလေးဖြစ်နေတယ်။လိပ်ပြာ လေး က တော့ ထွက်သွားတယ်။
ဦးမာဆူရီ က ဘာလို့ဒီမှာ ဦးထုပ်လေးကိုထားထားလဲ ဆိုတာ ကိုသဘောပေါက်သွားတယ်။
ဦးထုပ်လေး မှာနာမည်လေးထိုးထားတယ် "တာကေယာမ မူကြိုကျောင်း တာကေနို တာကေအို" လို့

ဦးမာဆူရီ က လိပ်ပြာလေးကို လွှတ် လိုက်မိ လို့စိတ် မကောင်း ဖြစ်သွားတယ်။ ခဏကြာ တော့ ဦးမာဆူရီ က အကြံရ သွားပြီးချက်ချင်းကားဆီ ပြေး သွားတယ်။ပြီး တော့ ကားထဲက သူ့ အမေ တောကပို့လိုက်တယ် ဆိုတဲ့ လိမ္မော်သီးကိုထုတ်ပြီး ဦးထုပ်အောက်မှာထည့်ပေး လိုက်တယ်။
ဦးထုပ်ကလေးလွင့် မသွားအောင် ကျောက်တုံးနဲ့ဖိထားလိုက် တယ်။

ကားထဲပြန်လာတော့အနောက် ခုံမှာမိန်းကလေး တ ယောက်က ထိုင်နေတာတွေ့ရတယ်။

(မိန်းကလေး) "လမ်းပျောက်သွားလို့ အဲဒါလိုက်ပို့ပေးမလားဟင်"
(ဦးမာဆူရီ) " ဘယ်ကိုသွားမှာလဲ"
(မိန်းကလေး) " အော်........၊အင်း...ဟိုလေ... နာနိုဟာန (ပန်းပင်များ)မြို့ပါ။
(ဦးမာဆူရီ) " အော်..... နာနိုဟာန တံတား နော်"

အင်ဂျင်ကိုနှိုးလိုက်တဲ့အချိန်မှာပဲ ကားအနောက်ကနေ ယောက်ကျားကလေး တယောက်အသံကြားလိုက်တယ်။
ကောင်လေးကသူ့အမေလက်ကိုဆွဲပြီးဦးထုပ် ဆီလာနေတယ်။

( ယောက်ကျားကလေး ) "တကယ်ပြောတာမေမေရဲ့သားကတကယ်လိပ်ပြာလေးတကောင်ဖမ်းမိတာ လိပ်ပြာလေးကို သားဦးထုပ်ထဲမှာ ဖမ်းထားတယ် ဒီတော့ သားက ဦးထုပ်လေးကို ဖွင့်မယ် မေမေ က ပိုက်ကွန် နဲ့ဖမ်းလိုက်နော်"

ကောင်လေးပြောတာ တွေ ကို ဦးမာဆူရီ ကနားထောင် နေ တဲ့ အချိန်မှာ မိန်းကလေးက ပြောလိုက် တယ်

(မိန်းကလေး) "ဦးလေးကြီးမြန်မြန်သွားပေးပါ"

ဦးမာဆူရီ လည်း အမြန်ဆုံး ကားကိုမောင်း ထွက်လိုက်တယ်။ မောင်းနေရင်းနဲ့ ဟိုကောင်လေး ဦးထုပ်ကိုဖွင့်ကြည့်လိုက်ရင် ဘယ်လို နေမလဲ ဆိုတာစဉ်းစားမိတယ်။ စဉ်းစားပြီးအနောက်ကိုလှည့်ကြည့်လိုက်တော့ဘယ်သူမှ မရှိတော့ဘူး။
လန့်ပြီးပြူတင်းပေါက်အပြင်ကို ကြည့်လိုက်တော့ အဝါရောင် ပန်း လေးတွေနဲ့ ကလိုဗာ လေး တွေပွင့်နေတယ်။ အဲဒီ အ ပေါ်မှာတော့လိပ်ပြာလေးတွေကရေတွက်လို့မရ လောက်အောင်အများကြီး ပျံသန်းနေတယ်။ ပြီးတော့ဦးမာဆူရီကဆပ်ပြာပူဖောင်း ပေါက်သလောက်တိုး တဲ့ အသံလေးတွေ ကြားလိုက် ရတယ်။

"တော်သေးတာပေါ့"
"တော်သေးတယ်"
"တော်သေးတာပေါ့"
"တော်သေးတယ်"

ကားထဲမှာတော့လိမ္မော် သီးအနံ့လေး တွေကကျန် နေသေးတယ်။

စွီးမီ

(2nd grade မူလတန်း ဂျပန်စကားပြေ ဖတ်စာအုပ်မှ スィミー ဝတ္တုတိုကို Thar Thar မှ ဆီလျှော်အောင် ဘာသာပြန်ပါသည်။)

စွီးမီ

(ငါးနာမည်) (တရုတ်မနာမည်မဟုတ်ပါ) (ဂျပန် နာမည်)

သားသား


၂ တန်း


အရမ်းကျယ်သော ပင်လယ်ကြီးထဲတွင်ငါးလေးတွေ အများကြီးရှိပါသည်။အားလုံးအနီဖြစ်နေတာကို တစ်ကောင်ပဲအမည်း ဖြစ်နေတယ်။

ရေကူးတာ ကတော့အမြန်ဆုံးပဲ။နာမည်ကတော့စွီးမီ။

တနေ့ကျတော့ တူနာငါး ကြီးတ ကောင် ကအမြှောတ်လောက်မြန်တဲ့အရှိန်နဲ့လာပြီး ငါးလေးတွေအားလုံးကို စားပစ်လိုက်တယ်။

ထွက်ပြေးသွားတာကတော့ စွီးမီတကောင်ထဲပဲ။

စွီးမီကရေကူးတယ် ပင်လယ်ထဲကို။ကြောက်ခဲ့တယ်။တစ်ယောက်ထဲဖြစ်ခဲ့တယ်။ဝမ်းနည်းခဲ့တယ်။

ဒါပေမဲ့ ပင်လယ်ထဲမှာကအံ့ဩစရာတွေကအများကြီးပဲရှိတယ်။

ဒါတွေကိုကြည့်ပြီးကြောက်တာတွေမဖြစ်တော့ဘူး။ သက်တန့်ရောင် နဲ့ဂျယ်လီလိုမျိုး ရေခူတွေ ဘူဒိုဇာနဲ့တူတဲ့ပုစွန် တွေ မမြင်ဖူးတဲ့ငါးတွေမြင်ရတယ်။

ပြီးတော့ မမြင်ရတဲ့ ကြိုးနဲ့ဆွဲနေတဲ့ ရောင်စုံသကြားလုံးနဲ့တူတဲ့ ကျောက်တုံးတွေကနေ ထွက်နေသော ရေမှော်ပင်တွေ။ငါးရှဥ့် ။မျက်နှာကရှည်လွန်းလို့ ဖင်ကိုတောင်မေ့နေတယ်။

သူဆက်သွားနေ တဲ့ အချိန်မှာပဲ ကျောက်တုံးအကြီးကြီး အနောက်မှာ သူ့ညီအစ်ကိုတွေနဲ့ အရမ်းတူတဲ့ အနီရောင်ငါးလေးတွေကိုတွေ့တယ်။

စွီးမီကပြောတယ်

(စွီးမီ) " ဘာလုပ်နေတာလဲ ထွက်လာခဲ့လေ ကစားကြရအောင်"

(အနီရောင်ငါးတွေ) "မရဘူး မရဘူး တူနာကြီးကငါတို့ကိုစားသွားမယ်"

(စွီးမီ) "ဒါပေမဲ့ ဒီမှာပဲနေ နေရင် မဖြစ်ဘူး တစ်ခုခု တော့စဉ်းစားရမယ်"


စွီးမီကစဉ်းစားတယ်.။ အမျိုးမျိုး စဉ်းစားတယ်။အရမ်းစဉ်း စားတယ်။

ခဏကြာတော့ စွီးမီကပြောတယ်

"ဟုတ်တယ် အားလုံးရေကူးရမယ် ပင်လယ်ထဲမှာအကြီးဆုံးငါးကြီးနဲ့ တူအောင်လုပ်ပြီး သူများတွေကိုလိုက်ရမယ်။ တခြားနေရာကိုမသွားရဘူး"

အားလုံးကငါးအကြီးကြီးတကောင်လိုဖြစ်ပြီးသွား တယ်။

စွီးမီကဆက်ပြောတယ် "ငါကမျက်စိ ဖြစ်မယ်"

မနက်ရဲ့ရေအေးအေးကနေ ညနေရဲ့ လင်းလက်တောက်ပတဲ့ရေထဲကို အားလုံးကငါးကြီးတကောင်ဖြစ်ပြီး တူနာငါးကြီးကိုမောင်းထုတ်လိုက်ကြတယ်။